C- Box မှာ Administrator Password
ကို CMD(Command) ကနေ ဘယ်လို ဖျက်မလဲဆိုတာကို
မေးထားလို့
ပြန်ပေးပေးလိုက်တဲ့ပို့စ်ပါ။ CMD က မဟုတ်ပဲ သာမန်ဒီတိုင်းဆိုရင်တော့ လွယ်ပါတယ်။
Control Panel ထဲသွားပြီး User
Account ကနေ Remove ပေးလိုက်ရင် ရပါပြီ။
အခု CMD ကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာကို
ပြောပါမယ်။
Window Admin ကို Password ခံထားရင်
ဒီလို မြင်တွေ့ရပါမယ်။
( Control Panel --User Account --
Administrator ) ။
Password Protect ဆိုတာလေးကို
တွေ့မှာပါ။ အဲဒါက Password ခံထားတယ်ဆိုတာကို ဆိုလိုတာပါ။
အခု အဲဒီ Password ကို CMD ကနေ
ဖျက်ကြည့်မယ်။ အရင်ဆုံး Start -- Run --မှာ cmd လို့ ရိုက်ထည့်ပါ ။ အဲဒါမှ
မရဘူးဆိုရင် cmd.exe လို့ ရိုက်ထည့်ပါ။ CMD Box ကျလာပါမယ်။ အဲဒီမှာ net
user လို့ ရိုက်ပြီး Enter ခေါက်ပါ။
နောက်တဆင့်မှာ Admin Accounts Name
ကို ရှာပါ။ တွေ့ရင် net user (Admin Accounts Name) * လို့ ရိုက်ထည့်ပါ။
ကွင်းတွေ မပါပါဘူး။ အောက်က ပုံမှာဆို Admin Accounts Name က NCK ဖြစ်လို့ net user NCK * လို့ ရိုက်ပါတယ်။ ပြီးရင် Enter
ခေါက်လိုက်ပါ။
အဲဒီမှာ ပေါ်လာမှာက -
Type a password for the user : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ
)
Retype the password to comfirm : ( ဘာမှ မရိုက်ပါနဲ့ Enrer
ဆက်ခေါက်လိုက်ပါ )
The command complete successfully ဆိုတာပေါ်လာပါမယ်။ ဒါဆို ရပါပြီ။
Control Panel ထဲသွားပြီး User Account ကိုသွားကြည့်လိုက်ပါ ။ Password Protect
ဆိုတာ မရှိတော့ပါဘူး ။
ဒါဆိုရင်တော့ရသွားပါပီခင်ဗျာ...
Shine Htet WaNa Aung