Thursday, July 24, 2014

Administrator Password ကို CMD(Command) ကနေ ဘယ်လို ဖျက်မလဲ




C- Box မှာ Administrator Password ကို CMD(Command) ကနေ ဘယ်လို ဖျက်မလဲဆိုတာကို
မေးထားလို့ ပြန်ပေးပေးလိုက်တဲ့ပို့စ်ပါ။ CMD က မဟုတ်ပဲ သာမန်ဒီတိုင်းဆိုရင်တော့ လွယ်ပါတယ်။
Control Panel ထဲသွားပြီး User Account ကနေ Remove ပေးလိုက်ရင် ရပါပြီ။
အခု CMD ကနေ ဘယ်လိုဖယ်ရှားမလဲဆိုတာကို ပြောပါမယ်။
Window Admin ကို Password ခံထားရင် ဒီလို မြင်တွေ့ရပါမယ်။
( Control Panel --User Account -- Administrator )
Password Protect ဆိုတာလေးကို တွေ့မှာပါ။ အဲဒါက Password ခံထားတယ်ဆိုတာကို ဆိုလိုတာပါ။

Description: http://i28.tinypic.com/28u0je1.png
အခု အဲဒီ Password ကို CMD ကနေ ဖျက်ကြည့်မယ်။ အရင်ဆုံး Start -- Run --မှာ cmd လို့ ရိုက်ထည့်ပါ ။ အဲဒါမှ မရဘူးဆိုရင် cmd.exe လို့ ရိုက်ထည့်ပါ။ CMD Box ကျလာပါမယ်။ အဲဒီမှာ net user လို့ ရိုက်ပြီး Enter ခေါက်ပါ။

Description: http://i31.tinypic.com/2rr416o.png
နောက်တဆင့်မှာ Admin Accounts Name ကို ရှာပါ။ တွေ့ရင် net user (Admin Accounts Name) * လို့ ရိုက်ထည့်ပါ။ ကွင်းတွေ မပါပါဘူး။ အောက်က ပုံမှာဆို Admin Accounts Name က NCK ဖြစ်လို့ net user NCK * လို့ ရိုက်ပါတယ်။ ပြီးရင် Enter ခေါက်လိုက်ပါ။

Description: http://i31.tinypic.com/5ezojr.png
အဲဒီမှာ ပေါ်လာမှာက -

Type a password for the user : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
Retype the password to comfirm : ( ဘာမှ မရိုက်ပါနဲ့ Enrer ဆက်ခေါက်လိုက်ပါ )
The command complete successfully ဆိုတာပေါ်လာပါမယ်။ ဒါဆို ရပါပြီ။

Description: http://i26.tinypic.com/11r3j1t.png
Control Panel ထဲသွားပြီး User Account ကိုသွားကြည့်လိုက်ပါ ။ Password Protect ဆိုတာ မရှိတော့ပါဘူး ။

Description: http://i31.tinypic.com/r2693q.png
ဒါဆိုရင်တော့ရသွားပါပီခင်ဗျာ...



                                                                                        Shine Htet WaNa Aung

No comments:

Post a Comment